Skip to content

Latest commit

 

History

History
39 lines (20 loc) · 2.56 KB

File metadata and controls

39 lines (20 loc) · 2.56 KB

Artisan CLI

မိတ်ဆက်

Artisan သည် laravel တွင်အသုံးပြုသည့် command line interface တစ်ခုဖြစ်သည်။ ၄င်းတွင် application develop ပြုလုပ်ရာတွင် အလွန်အသုံးဝင်လှသော commands များစွာပါဝင်သည်။ ၄င်းမှာ Symfony ၏ console component မှဆင်းသက်လာခြင်း ဖြစ်သည်။

အသုံးပြုပုံ

အသုံးပြုနိုင်သည့် Command များကို စီရီပြသခြင်း

Artisan တွင်ပါဝင်သည့် Command အကုန်လုံးကို list အနေဖြင့် ပြသလိုပါက list ဟုသည့် command ကို အသုံးပြုနိုင်သည်။

php artisan list

Command တစ်ခုချင်း၏ အသုံးပြုခြင်း လမ်းညွန်မှုကို ကြည့်ရှုခြင်း

Command တိုင်းလိုလို တွင် “help” ဟု အပိုဆောင်း ရိုက်ခြင်း ဖြင့် မိမိတို့  အသုံးပြုမည့် Command တွင် ထည့်သွင်းရမည့် arguments များနှင့် ရွေးချယ်စရာများကို သိရှိနိုင်ပါသည်။

php artisan help migrate

Configuration Environment ကို သတ်မှတ်ခြင်း

မိမိတို့  အသုံးပြုလိုသည် Configuration Environment ကို —env ဟုသော switch ဖြင့် ရွေးချယ်သတ်မှတ်နိုင်သည်။

php artisan migrate --env=local

လက်ရှိ အသုံးပြုနေသည့် Laravel version ကိုဖော်ပြခြင်း

မိမိတို့ လက်ရှိအသုံးပြုနေသည့် Laravel version ကို သိရှိလိုပါက —switch ကို အသုံးပြုပြီး သိရှိနိုင်ပါသည်။

php artisan --version